ချစ်လွန်းလို့ ငါမင်းကိုမေ့ထားတယ် စိတ်ထဲမှာ ရေးထွင်းထားတဲ့ မင်းနာမည်လေး
စိတ်ထဲမှာ မွေးပျံ့နေတဲ့ မင်းကိုယ်သင်းရနံ့လေး
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မင်းရီမောသံလေး
ငါမရေးဖြစ်သော စာသားများလို မင်းစကားသံများ
ငါမအိပ်ဖြစ်သော နေ့ရက်များလို မင်းနေ့စွဲများ
ငါမနမ်းရှိုက်ဖူးသော ပန်းပွင့်များလို မင်းနှုတ်ခမ်းများ
ငါမသိလိုက်သော အကြောင်းအရာများလို မင်းလျို့ဝှက်မှုများ
ငါမရရှိဖူးသော နူးညံ့မှုတစ်ခုလို မင်းမေတ္တာ တစ်ရားများ
တစ်ချိန်ချိန်မှာ ငါမေ့သွားမှာစိုးရိမ်မိပါတယ်
ငါဟာရူးနှမ်းသူပါ သူငယ်ချင်းရယ်
မင်းမျက်နှာလေး မမြင်ရတဲ့နေ့တွေဆို ငါမျက်စိကွယ်သလိုခံစားရတယ်
မင်းစကားပြောသံလေးမကြားရတဲ့နေ့တွေဆို ငါနားကန်းသွားသလိုခံစားရတယ်
အမှန်တကယ်အချစ်နဲ့မထိုက်တန်တဲ့ဆုတောင်းတစ်ခုပဲ သစ္စာပြုခဲ့ပါတယ်
ငါမှလွဲလို့ မင်းဘ၀မှာ အရာရာပြည့်စုံပါစေသား။
http://www.ballonpan.blogspot.com