အရင်တုန်းက တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေရင်းနဲ့ ကျမဘ၀က အထီးကျန်နေခဲ့တယ်
ဒါပေမယ့် ကျမ လုပ်စရာရှိတာတွေကိုလုပ်နေခဲ့တယ် သူ့ကိုသတိတရရှိနေရင်းနဲ့ပေါ့
သူ့နဲ့သာပြန်ဆုံရင် ကျမဘက်က ပြောချင်တဲ့စကားတွေ အများကြီးရှိနေခဲ့ပါတယ် သူ့ကိုတော့ရန်တွေ့ဖို့မဟုတ်ပါဘူး
တကယ်တမ်းသူနဲ့ပြန်ဆုံဖြစ်တော့  ကျမဘက်က ဘာမှပြောသာခွင့်မရှိလောက်အောင် သူ့ဘက်က ပြတ်သားနေတာတွေတွေ့ခဲ့ရတယ်
ရှိပါစေတော့လေ ဒီဘ၀မှာ သူ့နဲ့ဆုံဖို့ကံ မရှိတော့ဘူးဆိုတာ
အခုတော့ ကျမစိတ်ထားတတ်နေပါပြီ
ပြီးတာတွေလဲ ပြီးပါစေတော့လို့ နောက်ကြောင်းတွေကိုပြန်မရစ်တော့ပါဘူး
ပြီးတာတွေလဲ ပြီးပါစေ
http://www.ballonpan.blogspot.com